Friday, May 10, 2013

တနင်္သာရီမြို့နယ် သိန်းခွန်း ကျေးရွာအုပ်စု မောတောင်ဒေသ ပြည်ခိုင်ဖြိုး ပါတီရုံး ဖွင့်ပွဲအခမ်းအနား ကျင်းပ တိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌ ၀န်ကြီးချုပ် ဦးမြတ်ကို တက်ရောက် အမှာစကား ပြောကြား

မြိတ်ခရိုင် တနင်္သာရီမြို့နယ် သိန်းခွန်း ကျေးရွုာ အုပ်စု မောတောင်ဒေသ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး အဆောက်အဦးဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားအား ၂၀၁၃ ခုနှစ် မေလ (၈) ရက်နေ့ နံနက် (၈) နာရီအချိန် ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦမြတ်ကိုနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ တနင်္သာရီတိုင်းဒေသကြီး တိုင်း၊ ခရိုင်၊ မြို့နယ် ကော်မတီဝင်များ ၊ တနင်္သာရီမြို့နယ်နှင့် မောတောင် ဒေသ ပြည်ခိုင်ဖြိုး ပါတီဝင်များ ၊ ဧည့်သည်တော်များနှင့် ပြည်သူလူထုများ စုစုပေါင်း အင်အား (၄၀၀) ဦးခန့် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးသန်းအောင်၊ စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီး ဦးသိန်းလွင် ၊ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာ ကျော်ဆန်း တို့က ရုံးအဆောက်အဦးနှင့် ဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထိုနောက် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌ ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီ တာဝန်ရှိသူများက  ပါတီရုံး ဆိုင်းဘုတ်အား အမွှေးနံ့သာရေများ ပက်ဖြန်းခဲ့သည်။

ထိုနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦမြတ်ကိုက အမှာစကား ပြောကြားပြီးနောက် မောတောင်ဒေသ ပြည်ခိုင်ဖြိုး ပါတီဝင် အဆိုပြုလွှာများအား စည်းရုံးရေးမှူးမှ တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ အတွင်းရေးမှူး ဦးထင်ပေါ်အား ပေးအပ်ကာ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။

အခမ်းအနား အပြီးတွင် တိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌ ၀န်ကြီးချုပ် ဦးမြတ်ကိုသည် အခမ်းအနား တက်ရောက် လာသော ပြည်သူလူထုနှင့် ပါတီဝင်များအား ရင်းရင်းနှီးနှီး နုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

(မြိတ်ပုလဲမြေ)မှကူးယူဖော်ပြသည်

Saturday, April 20, 2013

အမေရိကန်စစ်သင်္ဘောတွင် လေဆာလက်နက်များ တပ်ဆင်

အမေရိကန် တို့ လေဆာလကနက် ဒုံးကျည် ကို ၂၀၁၂ ခုနှစ် ဇွန်လ မှာကတည်းက ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်ပါတယ်။ သင်္ဘောရဲ့  ကုန်းပတ်
ပေါ်မှာ တပ်ဆင်ထားပြီး လေယာဉ်ပျံတစ်စီးကို ပစ်ချပြသခဲ့ ပါတယ်။

ယခု ယင်းလက်နက်ကို တပ်ဆင်တော့မှာပါ။ လေဆာ သေနတ်စင် တစ်ခု စီရဲ့  တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၃၂ သန်း ရှိပါတယ်။ ၂၀၁၄ ခုနှစ် အပြီး တပ်ဆင်မှာ ဖြစ်ပြီး သတ်မှတ်ထားတဲ့ စစ်သင်္ဘောများမှာ တပ်ဆင်မှာ ဖြစ်ပါတယ်။ ပါရှန်းပင်လယ်ကွေ့မှာ တာဝန် ထမ်းဆောင်ဖို့အတွက် ဖြစ်ပြီး အနီးအနား ပျံသန်း တိုက်လေယာဉ်နဲ့ သင်္ဘောငယ်၊ စက်လှေများကို အလွယ်တကူ ပစ်ခတ်နိုင်ပါတယ်။

ရေဒါစနစ်နဲ့လည်း ချိတ်ဆက်ထားတဲ့အတွက် ဘယ်လောက်မြန်တဲ့ ပစ်မှတ်ပဲ ဖြစ်ဖြစ် အမြန်ဆုံး လှည့်ပတ်ပစ်ခတ်နိုင်အောင် ဖန်တီး ပေးထားတဲ့ လက်နက် ဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်တို့ရဲ့  လေဆာလက်နက် တပ်ဆင်မှုအပေါ် ကမ္ဘာတစ်ဝန်း မှ စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိကြောင်း သိရပါတယ်။
--

 လေဆာလက်နက် စမ်းသပ်မှု ဗီဒီယို ကြည့်ရှုရန်ဒီမှကလင့်ပြီးကြည့်ပါ
 ဇွဲကပင်မှကူးယူဖော်ပြသည်(ဇွဲကပင်မြေ)

Sunday, March 24, 2013

ရွှေတောင်စားစေတီတော် ထီးတော်တင်ပူဇော်ပွဲ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေတောင်စားစေတီတော်ကြီးတွင် ထီးတော်တင်လှူပူဇော်သော စိန်ဖူးတော်တွင် စိန် ၄၀၀ ကျော်နပါဝင်ကြောင်းသိရပါသည်။ ထားဝယ်မြို့သူမြို့သားများမှာလှူတန်းသော အလှူငွေ မှာလည်း သိန်းရာ၊ ထောင်ချီရကြောင်းသိရပါသည်။ ထီတော်တင်လှူပူဇော်သူမှာ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်နှင့် လုပ်ငန်းရှင်များ မြို့သား၊မြို့သူများ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ ပါဝင်ပှုဇော် ကပ်လှူကြည်ကြောင်းသိရှိရပါသည်။

NLD အဖွဲ့ဝင် ဦးသန်းဇော်မှ မဟုတ်မမှန်တိုင်းစားများကြောင့် ပြည်သူ(၁၁)ဦးအနက်(၁၀)ဦး အမှုဖြေရှင်းနေရ

NLD အဖွဲ့ဝင်များမှ မဟုတ်မမှန်တိုင်ကြားထားသော သတင်းလေးတစ်ပုဒ်ပါ ဦးမောင်၏ မြေးဖြစ်သူ ဦးသန်းဇော်မှာ (NLDဗဟိုပါတီအဖွဲ့ဝင်) ဦးဇော်ဟိန်းနှင့်ပေါင်းပြီး ပြည်သူများနေအိမ်(၁၁)အိမ်အား ဦးသန်းဇော်၏လယ်မြေများကို ကျူးကျော်လျှောက်လုပ်ထားသည်ဟု မဟုတ်မမှန် တိုင်ထားကြောင်းသိရပါသည်။ ဦးသန်းဇော်အား တိုင်စာအတွက် ငွေကြေးများ ထောက်ပံ့ပေးသူမှာ NLDအဖွဲ့ဝင် ဒေါ်မအေးဖြစ်ကြောင်းသိရပါသည်။ မအေးမှာ ရတောင်အတွင်းရွာ (အောက်ပိုင်း)တွင်နေထိုင်ပြီး ဖက်ခုတ် စားသောက်နေသူဖြစ်ကြာင်း သိရပါသည်။ ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ရတောင်အတွင်းရွာ လက်ရှိနေထိုင်လျှက်ရှိသော ပြည်သူနေအိမ်(၁၁)ကို ဦးသန်းဇော်က သူ၏လယ်မြေတွင် ကျူးကျော်ဝင်ရောက်နေထိုင်ကြောင်း အတိုင်ခံရသူများမှာ မဟုတ်မမှန်တိုင်ကြားမှုအား မြိုနယ်တရားရုံးတွင် သွားရောက်ဖြေရှင်းနေရကြောင်း အတိုင်ခံရသူပြည်သူများမှာ သတင်းရရှိပါသည်။ အတိုင်ခံရသူပြည်သူ (၁၁)ဦး အိပ်ဆောက်နေထိုင်နေသော မြေနေရာအား မြို့နယ်မြေစာရင်းများမှ သိရှိထားပြီးဖြစ်ကြောင်း၊ ဦးသန်းဇော်မှ လယ်မြေအား နေအိမ်လျှောက်ရန်မြေအဖြစ် သဘောတူထားပြီး ဖြစ်ကြောင်း၊ သူ၏လယ်မြေအစား အခြားလယ်မြေလုပ်စားခွင့်ကို ကျေးရွာ(ခွဲ)အုပ်ချုပ်ရေးမှူး နေရာသတ်မှတ်ပေးပြီးဖြစ်ကြောင်း အတိုင်ခံရသူပြည်သူများမှ ပြောကြားချက်အားသိရသည်။ အတိုင်ခံရသူ (၁၁)ဦးတွင် ဒေါ်ရှုတင်မှ တိုင်ကြားထားသူ ဦးသန်းဇော်နှင့် အလိုတူ အလိုပါဖြစ်နိုင်သည်ဟု ပြောကြား ထားပါသည်။ NLD မှ မဲနှိုင်သူ NLDအုပ်ချုပ်ရေးမှူးဆိုပြီး ထင်ရာစိုင်းနေကြောင်း NLDဗဟိုအဖွဲ့ဝင် ဇော်ဟိန်းနှင့် မအေး တို့ အားပေးအားမြောက်ခြင်းကြောင့် အခုအချိန်တွင် မြိုနယ်တရားရုံးတွင် သွားရောက် စစ်ဆေးခံနေရသည်မှာ (၃)ကြိမ်ရှိနေပြီဖြစ်ပါသည် အတိုင်ခံရသူပြည်များမှာ NLDအကြောင်း ပြည်သူသိကောင်းအောင် မဖြစ်မနေတင်ပေးရန် ပြောကကြားခဲ့ပါသည်။

Tuesday, March 12, 2013

စိတ်မနှံသူအား သေအောင်တိုက်ပြီး ယာဉ်နှင့် ယာဉ်မောင်းထွက်ပြေး

စိတ်မနှံ့သူ တစ်ဦး မော်တော်ယာဉ် တိုက်မိပြီး သေဆုံးသည့် ဖြစ်ရပ်တစ်ခု မြိတ်မြို့ စန္ဒ၀တ်ကျေးရွာအုပ်စု ကုန်းမြင့်သာယာ ကျေးရွာ အနှီး (S) အကွေ့ တွင် မတ်လ(၁၀)ရက်နေ့ ည (၉)နာရီခွဲ အချိန်တွင် ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။ ယာဉ်တိုက်မှုကြောင့် သေဆုံးသူမှာ ဦးဗဒင် (စိတ်မနှံ့သူ ) တစ်ဦးဖြစ်ပြီး ၄င်းသည် ညပိုင်းအချိန်များတွင် မော်တော်ကားလမ်းပေါ်၌ အိပ်လေ့အိပ်ထ ရှိကြောင်း သိရှိရကာ ၄င်းအား တိုက်ခဲ့သည့် မော်တော်ယာဉ်နှင့် ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရသည်။ အဆိုပါ ယာဉ်တိုက်မှုအတွက် ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံ ဖမ်းဆီး မိရေး ရဲတပ်ဖွဲ့မှ ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။ မြိတ်ပုလဲမြေမှ ကောက်နှတ်ချက်ပါ................

Saturday, February 16, 2013

မောင်းလှော်ကျေးရွာတွင် အုပ်ချုပ်နေသော အုပ်ချုပ်ရေးမှူး၏ ကိုယ်ရေးအကျဉ်းပြီး( မေးထဲရောက်လာတာပါ)

ဒီမိုကရေစီ နှင့် တနင်္သာရီတိုင်း ဒေသကြီး ကျွန်းစုမြို့နယ် မောင်းလှော် ကျေးရွာအုပ်စု စတင်ပါပြီ ဒီနေ့ (၁၂.၂.၂၀၁၃) ခုနှစ်မှာ မောင်းလှော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးပြီပေါ့လေ….. မောင်းလှော်ကျေးရွာအုပ်စုရဲ့ အနာဂတ် အခြေနေ ဘယ်လိုလဲ စောင့်ကြည့်ကျတာပေါ့ ယခု အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ တက်လာတဲ့ ရတောင် အတွင်းရွာ ရာအိမ်မှူး ဦးသားငယ်ပု (အမဲလိုက်သမား)/ စာပေက တစ်လုံးမှမတတ် တိုမီး သေနတ်ကိုကိုင်ပြီး ခွေးနှစ်ကောင်နဲ့ အမဲလိုက်ပြီး အသက်မွေး လာတဲ့သူက အုပ်ချုပ်မှာပေါ့လေ ကဲရတောင်ရွာမှာ တိုးတက်ပြီး ဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လူမှုရေးကို


(စာပေတစ်လုံးမှ မတတ်တဲ့သူ) အမဲလိုက်စားပြီး၊ကြက်တိုက်၊ ဖဲရိုက်ပြီး အချိန်ကုန်ခဲ့တဲ့ ဦးသားငယ်ပုဟာ  ဒေသ တိုးတက်ရေးကို ဘာတစ်ခုမှ မလုပ်လာတဲ့ ခေတ်မကောင်း စဉ်က သူပုန် နောက်လိုက် လုပ်ပြီး တရားမဝင် လက်နက် ကိုင်ဆောင်သူက ရတောင်ရွာကို တိုးတက်အောင် ဘယ်လိုလုပ်မှာလဲ ရတောင် အတွင်းရွာသားများ  စဉ်းစားကြပေါ့   မတိုးတက် ဘဝမလှခဲ့ရင်လဲ ဒီမိုကရေစီပဲ့ မှတ်ပေါ့လေ …..

အုပ်စုကို ကိုင်တွယ်ပြီး အုပ်ချုပ်မည့် မောင်းလှော် (အပေါ်) သား ဦးသောင်းအေး ကရော …. မောင်းလှော်အုပ်စုကြီးမှာ တိုးတက်ပြီး ဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လူမှုရေး များမှာ ဦးသောင်းအေး ဦးဆောင်ပြီး လုပ်ခဲ့တဲ့ နေရာ လက်ညိုးတိုး ပြစရာမရှိ စိတ်လည်း မဝင်စား ဒေသဖွံ့ဖြိုးရေးကို လည်းမလုပ်ခဲ့သူ ……….. သူစိတ်ဝင်စားတာက အရက်မူးမယ်၊ ရမ်းမယ်၊ သူများ မယားကို ကြာကူလီ လုပ်တဲ့ အလုပ်လေ ဒီလို စည်းကမ်းမဲ့ အတွေးခေါ် မရှိသူက မောင်းလှော်အုပ်စု တိုးတက်အောင် ဘယ်လိုလုပ် မှာလဲ….. ကဲ မောင်းလှော် အုပ်စုသားများ စဉ်းစားကြပေါ့  မတိုးတက် ဘဝ မလှခဲ့ရင်လဲ ဒီမိုကရေစီပဲ့ မှတ်ပေါ့လေ ……
မောင်းလှော် အောက် ရာအိမ်မှူး ဦးမောင်မျိုးကို ကြည့်ကြ ဦးမလား အရည်ချင်း ကတော့ အပြည့်ပဲ့ (လှေထေး စားသောက်နေ) သူလေ ဒေသ ဖွံ့ဖြိုးရေးကို ဘယ်တုန်း ကမှ လုပ်ခဲ့သူမဟုတ် လုပ်နိုင်စွမ်းလည်းမရှိ စာပေလည်းမတတ် လူရှေ့မှာ စကားပြောတတ် သူလည်း မဟုတ် ရုပ်သေး ရာအိမ်မှူးကို ဘယ်သူဖန်တီးခဲ့သလဲ  မောင်းလှော်အောက် ရွာသားများ စဉ်းစားကြပေါ့ မတိုးတက် ဘဝမလှခဲ့ရင်လဲ ဒီမိုကရေစီပဲ့ မှတ်ပေါ့လေ ……
ဦးကိုလေးက (စစ်ထွက်လား စစ်ပြေးလား) မသိဘူးဗျာ ကျောင်းသား တောခိုစဉ်က ဘိုးတော် ကိုလေး၊ တည်ငြိမ်မှု ရှိလာချိန်မှာ သတ္တုမြေ ကျူးကျော် ကိုလေး၊ ရတောင်အတွင်း အရပ် ငွေလိမ်သူ ကိုလေး ယခုတော့ နွားခိုး ကိုလေး ပေါ့ဗျာ့…..
နိုင်ငံရေးသမား ပီသတယ်ဗျာ ရခိုင်မှာတုန်း ကလည်း ရခိုင် မယားနှင့် သားနှင့် ရတောင်အတွင်း ရောက်တော့လည်း ရတောင်မှာ မယားနှင့် သားနှင့် …… သားကလည်း ကစပ် ခဲမိုင်းက ခဲခိုးလို့ ထွက်ပြေးနေရတယ် မောတောင်မှာ ရှောင်ခိုင်းထားတာ မပြောချင်တာနဲ့ ဦးကိုလေးက ဟုတ်လှပြီထင်နေတယ် …………..
ရတောင်နှင့် မောင်းလှော် (ပေါ်) မှာပြောတော့ ခေတ် အဆက်ဆက် မောင်းလှော် (အောက်) က အုပ်ချုပ်တာခံ လာရတယ်တဲ့ ယခု ခင်ဗျားတို့ အလှည့်ဆိုပြီး မြောက်ပေး မောင်းလှော် (အောက်) ရွာမှာ ကျတော့ ပါတီ စည်းလုံး ညီညွတ်မှု မပျက်အောင် ဆိုပြီးပြောကာ မဲကို လှည့်ပြီး ထည့်ခိုင်းခဲ့တယ် ဒါကို မောင်းလှော်(အောက်) ရွာသားတွေ (အ) တော့ခံလိုက်ရဒါပေါ့။ မောင်းလှော်အုပ်စုသား များခင်ဗျား……… ခင်ဗျားတို့ရဲ့ ကံကြမ္မာ က နွားခိုး ကိုလေး၊ ကြာကူလီ သောင်းအေး၊ အမဲလိုက် ဓါးပြတိုက် သူပုန်နောက်လိုက် သားငယ်ပု၊ လှေးထေးသမား မောင်မျိုး တို့ရဲ့ အပေါ်မှာ မူတည် နေပါကြောင်းနှင့် မတိုးတက် ဘဝ မလှခဲ့ရင်လဲ ဒီမိုကရေစီပဲ မှတ်ပေါ့လေ ……..

ခင်ဗျားဒီမိုကရေစီက အကျင့်ပျက် အရည်ချင်း မရှိတဲ့သူကို ရွေးတာ ဒီမိုကရေစီလို့ ခေါ်သလား ကျနော်လည်း မသိတော့ဘူးဗျ တစ်ခု မေတ္တာရပ်ခံချင်တာ ကတော့ အ.လ.က ကျောင်းအုပ်ကြီး ဦးအောင်မင်းစိန် နှင့် အ.လ.ပြ ဒေါ်အေးအေးမာတို့ NLD ပါတီ အလုပ်လုပ်မယ် ဆိုရင်လည်း NLD ပါတီ အလုပ်လုပ်မည် နေရာကို ပြောင်းပေးစေလို ပါတယ်ဗျ ကလေးတွေ တွက် အာရုံ မရမှတော့ NLD ပါတီ အလုပ်လုပ်နေမှတော့ NLD ပါတီ အလုပ်လုပ်မည့် နေရာကို ပြောင်းပေး လိုက်ပါတော့လို့ တိုင်းပညာရေးမှူးအား မေတ္တာရပ်ခံလို ပါတယ်ဗျ…..ဒီပို့စ်ကို အလုပ်အားနေလို့ ရေးလိုက်တာတော့ မဟုတ်ဘူးဗျ အခု အုပ်ချုပ်မည့် သူတွေထက် အရည်ချင်း ရှိတဲ့သူ မောင်းလှော်ကျေးရွာအုပ်စုမှာ မရှိတော့ ဘူးလားဗျ နောက်ရေးရင် မအေးရတော့ ယခုလက်ရှိ အချိန်မှီ ပြင်ဆင်နိုင်ရေး ထောက်ပြ ရေးသားခြင်းဖြစ်ပါသည် …… လက်ကျန်အရှုပ်တော်ပုံများကို နောက်အလုပ် အားချိန်မှ ဆက်လက်ဖော်ပြပေးပါမည်
ကျနော်တို့မြန်မာတွေအများစုရဲ့စိတ်ဓါတ်လေးပါ တစ်ခြားသူတော့ဟုတ်မဟုတမပြောတပ်ဘူး ကျနော်စိတ်ထဲမှာ ဒီအတိုင်းပါပဲ